Vietnam

Visa Exemption for Those Support to Vietnam's Socio-Economic Development

In August of this year, the Vietnamese government granted visa exemptions to foreigners deemed to be supporting to the country's socio-economic development. Those who qualify include high-level government guests, scientists, digital experts, senior corporate officials, investors, cultural figures, and honorary consuls.

The visa exemption is valid for up to five years and allows for multiple entries. The program is effective from August 2025 to August 2028, so those who meet the qualifications and wish to stay in Vietnam long-term must apply within this period. Details on the specific document requirements for this visa exemption will be provided later.

ဗီယက်နမ် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုရင် ဗီဇာကင်းလွတ်ခွင့် ရမယ်

ယခုနှစ် ဩဂုတ်လအတွင်းက ဗီယက်နမ်အစိုးရသည် နိုင်ငံ၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ပြုသည်ဟု ယူဆသော နိုင်ငံခြားသားများကို ဗီဇာကင်းလွတ်ခွင့် ပေးလိုက်ပြီ ဖြစ်သည်။ သတ်မှတ်ချက်နှင့် ကိုက်ညီသူများထဲတွင် အစိုးရ၏ အဆင့်မြင့် ဧည့်သည်တော်များ၊ သိပ္ပံပညာရှင်များ၊ ဒီဂျစ်တယ်ကျွမ်းကျင်သူများ၊ အကြီးတန်းကော်ပိုရိတ်အရာရှိများ၊ ရင်းနှီး မြုပ်နှံသူများ၊ ယဉ်ကျေးမှု ဆိုင်ရာ ပုဂ္ဂိုလ်များ၊ ဂုဏ်ထူးဆောင်ကောင်စစ်ဝန်များ ပါဝင်သည်။ ဗီဇာကင်းလွတ်ခွင့်သည် ၅ နှစ်အထိ သက်တမ်းရှိပြီး အကြိမ်ကြိမ် ဝင်ထွက်နိုင်သည်။

အဆိုပါအစီအစဉ်ကို ၂၀၂၅၊ ဩဂုတ်လမှ ၂၀၂၈၊ ဩဂုတ်လအထိ အကျုံးဝင်မည် ဖြစ်သောကြောင့် သတ်မှတ် အရည်အချင်း ပြည့်မီပြီး ဗီယက်နမ်တွင် ကာလရှည် နေထိုင်လိုသူများသည် သတ်မှတ်ကာလအတွင်း လျှောက်ထားရန် လိုအပ်ပါသည်။ ဗီဇာကင်းလွတ်ခွင့်အတွက် စာရွက်စာတမ်း လိုအပ်ချက် အသေးစိတ်ကို ဆက်လက်ဖော်ပြပေးပါမည်။

September 10, 2025, 0930hrs


Ref: internet

Photo: internet

#Aron

#vietnam

#visaexemption

#visaandtravelguide

https://www.fragomen.com/insights/vietnam-new-visa-exemption-for-those-who-support-countrys-socio-economic-development.html



Comments

Popular posts from this blog