Vietnam Visa Exemption

How to Apply for a Vietnam Visa Exemption

In yesterday's post, I mentioned I would provide details on Vietnam's special 5-year visa exemption. However, the procedures have not yet been released, so I cannot provide that information at this time. Instead, I will provide details on how former Vietnamese citizens and foreigners who are spouses of Vietnamese citizens can apply for a 5-year visa exemption.

For Vietnamese living abroad, you will need a visa application, a valid passport, a recent photo, and documents proving your Vietnamese citizenship.

For foreign spouses and children, you will need a completed visa application, a valid passport, a recent photo, and documents proving your relationship with the Vietnamese citizen.

Once you have completed all the necessary documents, you can submit your application at a Vietnamese embassy or consulate in your country. It will take approximately 7 days to receive your original passport and the 5-year visa exemption certificate. You can find a detailed video guide on how to apply for the visa on YouTube. I have included the link in the comments. We wish you all the best.

ဗီယက်နမ် ဗီဇာ ကင်းလွတ်ခွင့်ရအောင် ဘယ်လိုလျှောက်မလဲ

မနေ့က ပို့စ်မှာတော့ ဗီယက်နမ်အထူးဗီဇာ ကင်းလွတ်ခွင့် ၅ နှစ်နဲ့ပတ်သက်ပြီး အသေးစိတ် တင်ပြပေးမယ်လို့ စကားခံထား ခဲ့ပေမယ့် ဒီစာရေးတဲ့အချိန်အထိ လုပ်ထုံးလုပ်နည်းတွေ မထွက်သေးတာကြောင့် မတင်နိုင်သေးပါဘူး၊ ဒါကြောင့် အထူးဗီဇာ ကင်းလွတ်ခွင့် ၅ နှစ်အစား ဗီယက်နမ်နိုင်ငံသားဟောင်းတွေရယ် ဗီယက်နမ်လူမျိုးတစ်ဦးနဲ့အိမ်ထောင်ဖက် ဖြစ်ထားသူတွေ အတွက် ဗီဇာကင်းလွတ်ခွင့် ၅ နှစ် လျောက်ထားနိုင်မယ့် အချက်အလက်တွေကို ဖော်ပြပေးသွားပါ့မယ်။

ပြည်ပမှာနေထိုင်တဲ့ ဗီယက်နမ်လူမျိုးတွေ အတွက်ကတော့ ဗီဇာလျှောက်လွှာ၊ သက်တမ်းရှိ နိုင်ငံကူး လက်မှတ်၊ မကြာသေးခင် က ရိုက်ထားတဲ့ ဓါတ်ပုံနဲ့ ဗီယက်နမ် နိုင်ငံသားဖြစ်ကြောင်း သက်သေပြနိုင်တဲ့ စာရွက်စာတမ်းတွေ လိုပါတယ်။

နိုင်ငံခြားသား အိမ်ထောင်ဖက် နဲ့ သားသမီးတွေအတွက်က ပြည့်စုံစွာ ဖြည့်စွက်ထားတဲ့ ဗီဇာ လျှောက်လွှာ၊ သက်တမ်းရှိ နိုင်ငံကူး လက်မှတ်၊ မကြာသေးခင် က ရိုက်ထားတဲ့ ဓါတ်ပုံနဲ့ ဗီယက်နမ်လူမျိုး ဒါမှမဟုတ် နိုင်ငံသားနဲ့ ဆက်နွယ်မှုရှိကြောင်း သက်သေ ပြနိုင်တဲ့ စာရွက်စာတမ်းတွေ လိုပါတယ်။

စာရွက်စာတမ်းတွေ ပြည့်စုံပြီဆိုရင် သက်ဆိုင်ရာနိုင်ငံမှာရှိတဲ့ ဗီယက်နမ်သံရုံးတွေ ကောင်စစ်ဝန်ရုံး တွေမှာ လျှောက်ထားလို့ ရပြီးတော့ ခန့်မှန်းခြေ ၇ ရက်လောက် ကြာရင် မူရင်းနိုင်ငံကူးလက်မှတ်နဲ့ ၅ နှစ် ဗီဇာကင်းလွတ်ခွင့် လက်မှတ် ကို ရပြီ ဖြစ်ပါတယ်၊ ဗီဇာလျောက်နည်း အသေးစိတ်ကို ယူကျု့က ဗွီဒီယိုမှာ ကြည့်နိုင်ပြီး လင့်ခ်ကိုတော့ ကောမန့်မှာ ချပေးထားပါတယ်၊ အားလုံး အဆင်ပြေကြပါစေ။

September 11, 2025, 0930hrs


Ref: Internet

Photo: internet

#Aron

#vietnam

#visaexemption

#visaandtravelguide

https://www.youtube.com/watch?v=bFFCwr0Xmi0&t=165s

https://www.ez-consulting.com.vn/blogs/news-case-studies/how-to-apply-for-a-vietnamese-5-year-visa-exemption



Comments

Popular posts from this blog