Bob Vylan

UK Punk Star Bob Vylan Has U.S. Visa Revoked for Mocking Charlie Kirk's Death

British punk duo Bob Vylan faced massive backlash for calling Charlie Kirk "an absolute piece of shit of a human being" during a concert in Amsterdam last week. In response to the criticism, Bob Vylan said they had never celebrated Kirk's death. However, due to the viral remarks, which angered right-wing organizations, many of their scheduled shows were canceled.

Bob Vylan is known for making controversial statements during their performances. In June, they chanted against the Israeli military at the Glastonbury music festival. Immediately after the show, the U.S. State Department revoked their visas. The Deputy Secretary of State stated that those who "glorify violence and hatred do not welcome visitors to our country."

Charlie Kirk သေဆုံးမှုကို အရွဲ့တိုက်ခဲ့လို့ ယူကေက ပန့်ခ်အဆိုတော် Bob Vylan အမေရိကန်ဗီဇာ ရုပ်သိမ်းခံရ

ဗြိတိန် ပန့်ခ် အဆိုတော် Bob Vylan ဟာ ပြီးခဲ့တဲ့ အပတ်က အမ်စတာဒမ်မှာ ပြုလုပ်ခဲ့တဲ့ ဖျော်ဖြေပွဲတစ်ခု အတွင်း Charlie Kirk ကို အသုံးမကျတဲ့သူ လို့ သုံးနှုန်းပြောဆိုခဲ့တဲ့အတွက် ပြင်းထန်တဲ့ ဝေဖန်မှုတွေကို ရင်ဆိုင်ခဲ့ရပါတယ်၊ Bob ကတော့ Charlie Kirk သေဆုံးတာကို ဘယ်တုန်းကမှ ဂုဏ်ပြုခဲ့ခြင်းမရှိဘူးလို့ တုန့်ပြန်ခဲ့ပါတယ်၊ ဒီမှတ်ချက်ဟာ အွန်လိုင်းမှာ ပျံ့နှံ့သွားပြီး လက်ယာယိမ်း အဖွဲ့အစည်းတွေကို ဒေါသထွက်စေခဲ့တာမို့ ဖျော်ဖြေဖို့ စီစဉ်ထားတဲ့ ပွဲစဉ်အများစုကို ဖျက်သိမ်းခဲ့ရပါတယ်။

Bob Vylan ဟာ ဖျော်ဖြေပွဲတွေအတွင်း အငြင်းပွားဖွယ် စကားတွေ ပြောဆိုတတ်တယ်လို့ နာမည်ကြီးပြီး ဇွန်လအတွင်းကလည်း Glastonbury ဂီတ ဖျော်ဖြေပွဲ အတွင်းမှာ အစ္စရေး စစ်တပ်ကို ဆန့်ကျင်တဲ့ ကြွေးကြော်မှုတွေ လုပ်ခဲ့ပါတယ်၊ ပွဲ အပြီးမှာတော့ အမေရိကန် နိုင်ငံခြားရေးဌာနက သူတို့ရဲ့ ဗီဇာတွေကို ချက်ချင်း ဖျက်သိမ်းခဲ့ပြီး အမေရိကန် ဒုနိုင်ငံခြားရေး ဝန်ကြီးက မုန်းတီးမှုကို ချီးကျုးဂုဏ်ပြုတဲ့သူတွေကို ကျွန်တော်တို့ နိုင်ငံက ကြိုဆိုမှာ မဟုတ်ပါဘူး လို့ ပြောဆိုခဲ့ပါတယ်။

September 18, 2025, 0930hrs

Ref: internet

Photo: internet

#Aron

#uk

#bobvylan

#charliekirk

#visaandtravelguide

https://www.hindustantimes.com/world-news/us-news/bob-vylan-s-visa-revoked-over-bizarre-charlie-kirk-remarks-british-punk-duo-reacts-to-public-outcry-i-did-call-him-101758018179878.html



Comments

Popular posts from this blog